Skip to main content

၂၀၁၉ ၃လပိုင်းလောက်က ပရောဂျက်အဟောင်းတခုကို Commercial cloud ကို ပြောင်းရွှေ့ဖို့ လုပ်ရင်းကနေ AWS က certificate ယူဖို့ မဖြစ်မနေလိုအပ်လာခဲ့တယ်။  ဒီလိုနဲ့ AWS Certified Solutions Architect – Associate ကိုအရင်စဖြေဖြစ်တယ်။ ပြင်ဆင်ခဲ့တာတွေကို မျှဝေပေးတာပါ။
၁။ အရင်ဆုံး ဒီ AWS ဆိုဒ်ကနေ Exam အတွက်ပြင်ဆင်ရမည် အကြောင်းအရာတွေကို လေ့လာပါတယ်။
AWS Well-Architected (https://d1.awsstatic.com/whitepapers/architecture/AWS_Well-Architected_Framework.pdf ) လို white papers တွေကို သေခြာဖတ်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ ကျွန်တော်ကတော့ ခုန်ကျော်ပေါက်လွှားပဲ ဖတ်ဖြစ်လိုက်တယ်။  ဒီစာအုပ်မှာ အဓိကအကြောင်းအရာ အပိုင်း ၅ ခုပါတယ်။ Operational Excellence, Security, Reliability, Performance Efficiency, Cost Optimization အကြောင်းတွေပါ။  မေးခွန်းမှာ ဘယ်အပိုင်းက ရာခိုင်နှုန်းဘယ်လောက်ပါမလဲဆိုတာကို AWS Exam preparation guide မှာသေခြာဖော်ပြပေးထားပါတယ်။ ဒါတွေကိုသိဖို့အရေကြီးပါတယ်။
အဓိကလေ့လာသင့်တာတွေက AWS ရဲ့အခြေခံ services တွေဖြစ်တဲ့ IAM, S3, EC2, SQS, VPC, ELB, Route 53, RDS တွေရဲ့ လုပ်ဆောင်ချက်တွေပါ။ ဒီ services တွေရဲ့ FAQ ကိုသေသေခြာခြာဖတ်သင့်တယ်။
S3 storage class တခုနဲ့တခု ဘာတွေမတူတာလဲ။ Cost အကုန်နည်းအောင် ဘယ်လိုသုံးမလဲ။  bucket  level/object level လုံချုံရေး၊ အမြဲမသုံးမဲ့ ဖိုင်တွေကို သိမ်းမယ်ဆိုရင် Glacier ကိုသုံးမယ်၊ စသဖြင့် အပေါ်ကပြောခဲ့တဲ့ အပိုင်း ၅ ပိုင်းနဲ့ပတ်သက်တာတွေကို အဓိကထား မေးပါတယ်။ အခြေခံအကျဆုံးဖြစ်တဲ့ EC2 ကို security group မှာဘယ်လို လုံချုံအောင်လုပ်မလဲဆိုတာမျိုးကအစမေးပါတယ်။  VPC မှာ subnet ခွဲတာတွေမေးတယ်။ NAT gateway သုံးသင့်မသုံးသင့်လို အတွေ့အကြုံရှိသူတွေ လွယ်လွယ်ကူကူသိနိုင်တဲ့ မေခွန်းမျိုးတွေလဲပါတယ်။

၂။ Acloudguru (https://acloud.guru ) မှာ SA course ကိုပြီးတဲ့အထိ‌လေ့လာပါတယ်။ internet မှာကိုယ်သိချင်တာတွေကို အချိန်ကုန်ခံပြီး လိုက်ရှာစရာမလိုတော့ဘူး။ သူတို့ပြင်ဆင်ပေးထားတဲ့ slide တွေကိုသေခြာလိုက်နားထောင်ယုံပဲ။ Member ဝင်ထားရင် ကြိုက်တဲ့ Course ဝင်ကြည့်လို့ရပါတယ်။  အပိုင်းတခုပြီးတိုင်း ညဏ်စမ်းတွေမေးတယ်။ဒါတွေကို သေခြာဖြေတယ်။ ဒီ ညဏ်စမ်း အဖြေတွေကိုကြည့်ပြီး ကိုယ်ဘယ်လောက်သိပြီလည်းဆိုတာကို ခန့်မှန်းလို့ရနိုင်တယ်။

၃။ ဒါတွေနဲ့တင်မလုံလောက်သေးပါဘူး။ စာမေးပွဲဆိုတဲ့အတိုင်း မေးခွန်းတွေလေ့လာရအုံးမယ်။
ဒါနဲ့ udemy (https://www.udemy.com ) ကနေ မေးခွန်းဟောင်းတွေဝယ်ပြီး သေခြာလေ့လာတယ်။ အနည်းဆုံး 90% ကျော်မချင်း အထပ်ထပ်အခါခါဖြေပါတယ်။ မေးခွန်ကို အလွှတ်တော့ကျက်လို့တော့ အဆင်မပြေဘူး။ မသိတာတွေပါရင် AWS က FAQ တွေကို ဖတ်ပြီး နားလည်အောင်လုပ်သင့်တယ်။ AWS console မှာလည်းလက်တွေ့ လုပ်သင့်ပါတယ်။
ဒီ လင့်လေးက တော်တော်ကြီးအသုံးဝင်တယ်။ https://tutorialsdojo.com/aws-cheat-sheets/


၄။ ဖြေနိုင်လောက်ပြီးထင်တော့ ဒီမှာ (https://www.aws.training/certification ) register လုပ်ပြီးသွားဖြေတယ်။ မနှစ်က July မှာဖြေခဲ့တာ။ Certificate သက်တမ်းက ၂ နှစ်ပါ။
အိမ်မှာနေရင်း တခုခုလေ့လာချင်သူတွေအတွက် အတွေ့အကြုံတချို့ကို မျှဝေပေးရုံပါ။
--NSA

Comments

  1. If you are thinking of a career in IT and want to start with a bang, consider the Microsoft Azure DevOps Certification. It is one of the quickest ways for an aspiring IT professional to become recognized within the industry. This certification can be earned in as little as 2 weeks, making it an attractive option for many recent graduates and those new to the IT field.

    ReplyDelete

Post a Comment

Popular posts from this blog

Privacy policy of WoW Photo Gallery

NAING SOE AUNG built the WoW Photo Gallery app as a Freemium app. This SERVICE is provided by NAING SOE AUNG at no cost and is intended for use as is. This page is used to inform visitors regarding my policies with the collection, use, and disclosure of Personal Information if anyone decided to use my Service. If you choose to use my Service, then you agree to the collection and use of information in relation to this policy. The Personal Information that I collect is used for providing and improving the Service. I will not use or share your information with anyone except as described in this Privacy Policy. The terms used in this Privacy Policy have the same meanings as in our Terms and Conditions, which is accessible at WoW Photo Gallery unless otherwise defined in this Privacy Policy. Information Collection and Use For ...

Privacy policy of Photo Hidden Data

  NAING SOE AUNG built the Photo Hidden Data app as a Freemium app. This SERVICE is provided by NAING SOE AUNG at no cost and is intended for use as is. This page is used to inform visitors regarding my policies with the collection, use, and disclosure of Personal Information if anyone decided to use my Service. If you choose to use my Service, then you agree to the collection and use of information in relation to this policy. The Personal Information that I collect is used for providing and improving the Service. I will not use or share your information with anyone except as described in this Privacy Policy. The terms used in this Privacy Policy have the same meanings as in our Terms and Conditions, which is accessible at Photo Hidden Data unless otherwise defined in this Privacy Policy. Information Collection and Use ...

Fixing WCF HTTPS Endpoint 404 Errors

Windows Communication Foundation (WCF) may be considered an old technology, but many legacy .NET projects still rely on it. If you are working with WCF services hosted in IIS, you may encounter an issue when exposing services over HTTPS . When the service is exposed over HTTPS, the <service name> defined in your web.config must exactly match the fully qualified type name of the service implementation class defined in the .svc file. If they do not match, WCF cannot resolve the endpoint, resulting in a 404 error . Example of Incorrect Configuration <service name="ServiceA"> ... </service> Correct Configuration <service name="ProjectA.Setup.Service.ServiceA"> ... </service> This small detail often gets overlooked, but ensuring the names match is essential for WCF to properly locate and expose the ...