Skip to main content
"မီးခြစ်ဆံသည်မလေး"

ဆီးနှင်းတွေတဖွဲးဖွဲးကျနေပြီး ချမ်းအေးလွန်းလှသည့် နှစ်သစ်ကူးမတိုင်ခင်ညနေခင်း၏ မှောင်ရိပ်သန်းနေသော အချိန်တွင်ဖြစ်သည်။ ဆိုးရွားလွန်းတဲ့ အအေးဒဏ်ကို အံတုရင်း ကလေးမလေးတယေက် ဦးထုပ်မပါ ခြေဗလာဖြင့် လမ်းပေါ်မှာ လျှောက်နေသည်။ အိမ်ကနေထွက်လာတုန်းက သူမ ဖိနပ်စီးထားသည်။ ဒါပေမဲ့ ကောင်းကောင်းမွန်မွန်မဟုတ်။ သူမနဲ့မတော်သည့် သူမအမေရဲ့ ကြီးမားလွန်းတဲ့ ဖိနပ်စုတ်ကြီး တစုံသာ။ လမ်းပေါ်မှာ အမြန်မောင်းလာတဲ့ ရထားလုံးနှစ်စင်းကို ကမန်းကတမ်း ရှောင်လိုက်ရင်း သူမစီးထားသော ဖိနပ်ကြီး ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

တဖက်က ဘယ်ရောက်သွားမှန်းမသိ။ တဖက်ကို လမ်းဘေးက ကလေးငယ်တယောက် ကောက်ပြီးအလစ်သုတ်သွားသည်။ မတော်တရောဖိနပ်ကြီးကို ကလေးပုခက် လုပ်ဖို့များ ယူသွားလေသလား။ ဒီလိုနဲ့ ကလေးမလေးဟာ သူမရဲ့ သေးငယ်လှတဲ့ ခြေဗလာ နဲ့ ဆက်လျှောက်လာသည်။ အေးလွန်းသောကြောင့် သူမရဲ့ ခြေဖ၀ါးနှစ်ဖက်မှာ သွေးချေဥနေသည်။ ရင်ဖုံးအဟောင်းထဲမှာ မီးခြစ်ဆံတွေကိုထည့်က သယ်ထားပြီး လက်ထဲမှာလည်း မီးခြစ်ဆံထုတ်တွေကို ကိုင်ထားသည်။ တနေ့ပတ်လုံး လိုက်ရောင်းနေသော်လည်း ၀ယ်မည်သူမရှိ။ ပိုက်ဆံတပြားတချပ်မှ မရသေး။

အအေးဒဏ်၊ ဆာလောင်မွတ်သိပ်မူ့တွေနဲ့အတူ ကလေးမလေးဟာ တုန်တုန်ရီရီနဲ့ ဖြေးဖြေးခြင်း ဆက်လျောက်နေသည်။ စိတ်ထိခိုက်ဝမ်းနည်းစရာ ကောင်းလွန်းလှတဲ့ မြင်ကွင်းတခု။ သနားစရာကောင်းတဲ့ ကလေးမလေး။

ဆီးနှင်းပွင်းလေးတွေ သူမရဲ့ ဆံပင်ရှည်ကြီးပေါ်မှာဖုံးမိနေပြီး လည်တိုင်ပေါ်က ဆံနွယ်လေးတွေအပေါ် စီးကျနေသည်။ အခုအချိန်မှာ ဒါတွေကို သူမ ဂရုမစိုက်နိုင်ခြေ။
ဖယောင်းတိုင်မီး ထိန်ထိန်လင်းနေသော ပြတင်ပေါက်တွေဆီမှ ဘဲကင်နံ့သည် သွာရည်ကျစရာ ကောင်းလွန်းလှသည်။ စာလောင်နေသူအဖို့တော့ ဆိုဖွယ်ရာမရှိ။ ဒါ နှစ်သစ်ကူးမတိုင်ခင် ညနေခင်းပဲ။ ဟုတ်တာပေါ့ သူမတွေးလိုက်သည်။

အိမ်ကြီးနှစ်အိမ်ရဲ့ခြား ထောင့်တနေရာရောက်တဲ့ခါ သူမကွေးကွေးလေးထိုင်ချလိုက်သည်။ သေးငယ်လှတဲ့ ခြေထောက်လေးတွေကို ကိုယ်နဲ့ကပ်ထားလိုက်တယ်။ သိုသော် အအေးဒဏ်က တဖြည်းဖြည်းပိုလာသည်။ အိမ်ကိုပြန်ဖို့လည်း မ၀ံရဲ။ မီးခြစ်ဆံတခုမျှမရောင်းခဲ့ရပဲ ပိုက်ဆံတပြားမှပါမလာသည့် အတွက် အဖေဖြစ်သူ၏ ဆူပူကြိမ်းမောင်းမူကို ခံရမှာသေခြာသည်။ ဒါအပြင် အိမ်မှာလည်း အေးသည်။ အ၀တ်စုတ်တွေ ကောက်ရိုးစတွေနဲ့ ဖာထေးထားတာတောင် လေတိုးသံကိုကြားနေရတဲ့ အမိုးတခုသာရှိသည်။

အေးလွန်းလို့ သူမရဲ့ လက်လေးတွေ ထုံနေသည်။ အို့ မီးခြစ်ဆံ သုံးလိုက်ရင် နည်းနည်း သက်သာရာရနိုင်လောက်တယ်။ ရောင်းဖို့ထားသည့်အတွက် အများကြီးလည်းမသုံးရဲ။ အထုပ်ထဲက မီခြစ်ဆံတခုကို ဆွဲထုတ်လိုက်ပြီး အနားက အုတ်နံရံနဲ့ခြစ်လိုက်တယ်။ ပြီးတော့ မီးတောက်ကလေးနဲ့ လက်ကလေးတွေကို အပူပေးလိုက်သည်။ "ခြက်" ဆိုပြီး သူမခြစ်လိုက်တဲ့ မီခြစ်ဆံလေးဟာ အနွေးဓတ်နဲ့အလင်းရောင်ကိုဆောင်ကြည်းပေးပြီး သူမလက်ထဲမှာ ဖယောင်းတိုင်တခုလို လောက်ကျွမ်း တောက်ပနေတယ်။ နှစ်လိုဖွယ်ရာ အလင်ရောင်းလေးတခုပါပဲ။ အပေါ်ပိုင်းကို ကြေးဝါတွေနဲ့တန်ဆာဆင်ထားပြီး အောက်ခြေမှာ ကြေးဝါရောင်တက်နေတဲ့ သံမီးဖိုကြီး တခုရဲ့ရှေ့မှာ ထိုင်နေတယ်လို့တောင် သူမကိုယ်သူမ ထင်နေမိတယ်။ ကောင်းချီးမင်္ဂလာအပြည့်နဲ့ လောက်ကျွမ်းနေတဲ့ မီးတောက်ကြီး။ နွေးထွေးလွန်းလှပါပေသည်။ သူမရဲခြေထောက်လေးတွေကို အနွေးဓတ်ရအောင် ဆွဲဆန့်လိုက်တဲ့အခါမှတော့ မီးတောင်လေးငြိမ်းသွားတယ်။ စိတ်ကူထဲက သံမီဖိုးကြီးလည်း ပျောက်ကွယ်သွားခဲ့တယ်။ လက်ထဲမှာ လောက်ကျွမ်းထားတဲ့ မီးခြစ်ဆံလေးတခုပဲ ကျန်ခဲ့တယ်။

သူမနောက်ထပ်တခုကို နံရံနဲ့ကောက်ခြစ်လိုက်သည်။ မီးခြစ်ဆံလေး တောက်ပစွာ လောက်ကျွမ်းနေသည်။ မီးအလင်းရောက်ကျ နေတဲ့ နံရံဟာ ဖောက်ထွင်းပြီး မြင်နေရတဲ့ ပိတ်ကားတခုလို ဖြစ်သွားတယ်။ အဲဒီကနေတဆင့် အခန်းတခုကို သူမ မြင်နေရတယ်။ ပြီးတော့ ဖြူစင်သန့်ရှင်းတဲ့ အ၀တ်ခင်းထားသော စားပွဲတခု။ အဲဒီပေါ်မှာ ကြွေပန်ကန်တွေနဲ့ စားသောက်ဖွယ်ရာတွေ၊ ဇီးသီးခြောက်တွေ ပန်းသီးတွေ သိပ်ထည့်ထားပြီး အငွေ့တထောင်းထောင်းထနေတဲ့ ဘဲကင်ကြီး။ အကောင်းဆုံးမြင်ကွင်းတခုကတော့ ဘဲကင်ကြီးတကောင် ပန်ကန်ထဲကနေ ခုန်ဆင်းကာ ရင်ဘတ်ထဲမှာ ဇွန်း ခရင်း တွေနဲ့အတူ ကြမ်းပြင်ပေါ်ကနေလိမ့်ပြီး သူမဆီကို လာနေတာပါပဲ။ မီခြစ်ဆံက မီးကုန်သွားပြန်တယ်။ အေးခဲးစိုထိုင်းသော နံရံကြီးပဲ ကျန်နေခဲ့တယ်။ ချက်ချင်းပဲ သူမ နောက်ထပ်မီးခြစ်ဆံတခုကို မီးညှိလိုက်ပြန်တယ်။ ဒီတခါတော့ သူမဟာ ကြီးကျယ်ခန်းနားလှတဲ့ ခရစ်စမတ်သစ်ပင်ကြီးတခုရဲ့ အောက်မှာထိုင်နေတယ်။ သူမ တခါတုန်းက မှန်တံခါးကနေ လှမ်းတွေ့ခဲ့ဖူးတဲ့ လူချမ်းသာအိမ်က ခရစ်စမတ်သစ်ပင်ထက်တောင် အများကြီး ကြီးတယ်။

ထောင်ပေါင်းများစွာသော မီးသီးလေးတွေနဲ့ အလှဆင်ထားတဲ့ အစိမ်းရောက် အကိုင်းအခက်တွေနဲ့ ခရစ်စမတ်ပင်ကြီးက သူမကို စိုက်ကြည့်နေသလို။ ကလေးမလေးဟာ သူမရဲ့လက်အစုံကို သစ်ပင်ကြီးစီ ဆန့်ထုတ်လိုက်တယ်။ မီခြစ်ဆံမီးလေးလည်း ငြိမ်းသွားပြီ။ ခရစ်စမတ်သစ်ပင်ပေါ်က အလင်းရောင်လေးတွေဟာ တဖြည်းဖြည်းနဲ့ဝေးသွားတယ်။ ကောင်းကင်ဘုံက ကြယ်လေးတွေကဲ့သို့ သူမမြင်နေရတယ်။ ကြယ်လေးတလုံး ကြွေကျသွားတယ်။

"တယောက်ယောက်တော့ သေသွားပြီ" သူမရေရွတ်လိုက်တယ်။ ဆုံးသွားပြီးဖြစ်တဲ့ သူမရဲ့ ချစ်လှစွာသောအဘွား၊ သူမကိုချစ်တဲ့ တဦးတည်းသောသူ။ ကြယ်တလုံးကြွေတိုင်း ၀ိညဉ်တခုက ဘုရားသခင်ဆီ ရောက်သွားတယ် လို့ အဘွားက ပြောဘူးတယ်လေ။

သူမ နောက်ထက် မီးခြစ်ဆံတခုကို ကောက်ခြစ်လိုက်တဲ့အခါ အလင်းရောင်ကို ပြန်မြင်ရပြီ။ တောက်ပနေတဲ့ အလင်းရောင်တွေခြားထဲမှာ သူမရဲ့ အဘွား ရပ်နေတာကိုမြင်လိုက်တယ်။ နုညံသိမ်မွေ့ပြီး ချစ်စရာကောင်းသော အပြုံးတွေနဲ့ သူမရဲ့ အဘွား။

"အဘွား" သူမငိုသံကြီးနဲ့ ခေါ်လိုက်သည်။ "အဘွားရယ် သမီးကို ခေါ်သွားပါ။ အဘွားနဲ့လိုက်ပါရစေ။ မီခြစ်ဆံမီးငြိမ်းသွားတဲ့အခါ အနွေးဓတ်ပေးတဲ့မီးဖိုကြီး ပျောက်သွားလို၊ သရေကျစရာ ဘဲကင်ကြီး မရှိတော့သလို၊ ခန်းနားတဲ့ ခရစ်စမတ်သစ်ပင်ကြီး ပျောက်ကွယ်သွားသလို အဘွားကိုလည်း မတွေ့ရတော့ဘူး။" ချက်ချင်းဆိုသလို သူမဟာ လက်တဆုတ်စာ မီးခြစ်ဆံတွေကို နံရံနဲ့ ကောက်ခြစ်လိုက်သည်။ အမှောင်ထဲမှာ သူမရဲ့ အဘွား ပျောက်သွားမှာကို စိုးရိမ်မိတယ်လေ။ မီးခြစ်ဆံတွေရဲ့ အလင်းရောင်ဟာ နေ့ခင်းဖက်ထက်တောင် လင်းထိန်နေတယ်။ အဘွား ဒီလောက် နတ်သမီးသမျှ ချောမောလှပနေတာကို သူမ တခါမှမမြင်ဘူးပေ။ အဖွားအိုဟာ သူမြေးမရဲ့ လက်မောင်းကလေးကို ကိုင်ပြီး အလင်းရောင်တွေအောက်မှာ အဝေးကို ပျံတက်သွားပါတယ်။ ဘယ်လောက်အထိ မြင့်သလဲဆိုရင် နွေးထွေးသော၊ စာလောင်မူ့ကင်းသော၊ သောကဗျာပါရ မရှိသော ကောင်ကင်ဘုံ အထိပါပဲ။

နောက်နေ့ နံနက်မိုးသောက်ချိန်မှာတော့ ပန်းနုရောင်သန်းပြီး ပြုံးနေတဲ့မျက်နှာနဲ့ ကလေးမလေး တယောက်ဟာ အုတ်နံရံကိုမှီပြီး အေးခဲသေဆုံးနေပါတယ်။ ငှက်လေးတွေဟာ သူမပေါ်မှာနားနေပြီး မီးခြစ်ဆံတွေလည်းအတူရှိနေတယ်။ ပြီးတော့ လောင်ကျွမ်းပြီးသား မီးခြစ်ဆံထုပ်တခု။ "သူ့ဘာသာသူ အနွေးဓတ်ရအောင်လို့ လုပ်ထားတာဖြစ်မယ်" လူတချို့ပြောကြတယ်။
သူမ ဘယ်လိုလှပတဲ့အရာတွေကို တွေမြင်ခဲ့ရသလဲ ဆိုတာကို မည်သူမှ မရိပ်မိခဲ့ကြ။
သူမချစ်တဲ့ အဘွားနဲ့အတူ ပျော်ရွင်ချမ်းမြေ့စရာကောင်းတဲ့ နှစ်သစ်ကူး ခရီးစဉ်အကြောင်းကိုတော့ မည်သူမျှ စဉ်စားမိလိမ့်မည် မဟုတ်ချေ။ ။

စိုးအောင်
01-Jan-2019

(ဒိန်းမတ်လူမျိုး စာရေးဆရာ Hans Christian Andersen ၏ "The Little Match Girl" ကိုသင့်တော်သလို ဘာသာပြန်ပါသည်။
Credit: https://americanliterature.com)





Comments

Popular posts from this blog

Native app လုပ်ရတာကလည်း Android ဆိုတမျိုး iOS ဆိုတဖုံနဲ့ လုပ်ရတာ အချိန်ကုန်လက်ဝင်တယ်။ တခါတည်းနဲ့ ၂ ခုလုံးမှာသုံးလို့ရအောင်လုပ်မယ်။ Webview သုံးတဲ့ Cordova တို့ Ionic တို့ထွက်လာတယ်။ Facebook: WebView ကြီးနဲ့ မမိုက်ပါဘူးကွာ။ ပိုပြီး native ဆန်သွားအောင် React ကိုအခြေခံပြီး Reactive native လုပ်လိုက်တယ်။ တခါပဲရေး Android ရော iOS ရော ၂ ခုထွက်။ Google: မင်းတို့ဘယ်လိုပဲ native လုပ်လုပ် အစစ်မဟုတ်ပါဘူးကွာ။ native နဲ့ပိုပြီး နီးစပ်အောင်လုပ်ပြမယ်။ React စတိုင်ကို အခြေခံပြီး Flutter ထွက်လာတယ်။ Dart language သုံးတယ်။ လေ့လာရတာလွယ်ပါတယ်။ Apple: လွယ်လွယ်ကူကူလုပ်လို့ရအောင် ငါလည်းဖန်တီးတက်ပါတယ်။ ဒါပေမဲ့ Apple ရဲ့ထုံးစံအတိုင်း cross platform မလုပ်ဘူးလေ။ iOS အတွက်ပဲ declarative ပုံစံနဲ့ SwiftUI ထွက်လာတယ်။ React, Flutter ပုံစံအတိုင်းပါပဲ။ Google: မင်းတို့မှ native သီးသန့်အတွက် လွယ်လွယ်ကူကူ App ဖန်တီးလို့ရတဲ့ ပုံစံမျိုး လုပ်တက်တာမဟုတ်ပါဘူး။ ငါလည်းလုပ်တတ်တယ်ဆိုပြီး Jetpack compose ထွတ်လာပြန်တယ်။ Microsoft: IE သိပ်ခါပြန်ဆယ်ဖို့ Visual Studio ...

ကွန်ပြူတာ ပရိုဂရမ်းမင်း အကြောင်း တစေ့တစောင်း

ဤဆောင်းပါးသည် ကွန်ပြူတာကိုစိတ်ဝင်စားသူ လူတိုင်းအတွက်ရည်ရွယ်ပါသည်။ ကွန်ပြုတာဖြင့်အသက်မွေးကြောင်းမပြုသော်လည်း ဒစ်ဂျစ်တယ်ခေတ်တွင် လူတိုင်းနီးပါး ကွန်ပြုတာ၊ မိုဘိုင်းဖုန်းဖြင့်ရင်းနှီးနေကြပြီ ဖြစ်သည်။ အင်တာနက်ဆိုတာသုံးဖူးနေကြပြီ။ ထို့ကြောင့် အားလုံးအတွက် ဗဟုသုတရစေလို၍ ရေသားလိုက်သည်။ ကွန်ပြူတာအခြေခံမရှိသူ အားလုံးအတွက်ပါ ရည်ရွယ်သဖြင့် သဘောတရားနဲ့ အလုပ်လုပ်ပုံအကြာင်းကို ပိုအလေးထား ရှင်းပြထားပါသည်။ ပရိုဂရမ်းမင်း ဆိုတာဘာလဲ လူတယောက်၏ ခန္ဓာကိုယ် အစိတ်အပိုင်းကို လေ့လာကြည့်ပါ။ ဦးနှောက့်၊ မှတ်ညဏ်၊ နား၊ မျက်လုံး၊ ပါစပ်၊ မျက်နာ၊ ခြေ၊ လက် စသဖြင့်ရှိသည်။ ဒီလိုအစိတ်အပိုင်းတွေကို ပေါင်းစည်းကာ "လူ" ဟူ၍ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ကွန်ပြုတာဆိုသည်မှာလည်း ထိုးနည်းတူဖြစ်သည်။ အီလက်ထရောနစ်  အစိတ်အပိုင်းတွေ ပေါင်းစည်းကာ ကွန်ပြုတာ ဖြစ်ပေါ်လာသည်။ ဦးနှောက့် နှင့်တူသော CPU (Central Processing Unit)၊ မှတ်ညဏ်နှင့်တူသော မန်မိုရီ၊ နား နှင့်တူသော ဆားကစ်လမ်းကြောင်း၊ ကေဘယ်တွေ ရှိသည်။ (ဥပမာ ကီးဘုတ်မှ 'A' ကိုနှိပ်တဲ့အခါ ကီးဘုတ်ကေဘယ်လ်မှ တဆင့်ခြင်းဖြတ်ကျော်ကာ CPU သို့ရောက်သည်ဟု အလွယ်မှတ်ပါ )။ မျက်လုံးနှင့်တ...

Privacy policy of Photo Hidden Data

  NAING SOE AUNG built the Photo Hidden Data app as a Freemium app. This SERVICE is provided by NAING SOE AUNG at no cost and is intended for use as is. This page is used to inform visitors regarding my policies with the collection, use, and disclosure of Personal Information if anyone decided to use my Service. If you choose to use my Service, then you agree to the collection and use of information in relation to this policy. The Personal Information that I collect is used for providing and improving the Service. I will not use or share your information with anyone except as described in this Privacy Policy. The terms used in this Privacy Policy have the same meanings as in our Terms and Conditions, which is accessible at Photo Hidden Data unless otherwise defined in this Privacy Policy. Information Collection and Use ...