Skip to main content
"ဘယ်လိုတုံ့ပြန်မလဲ"
တခါတုံးကပေါ့။ သမီးဖြစ်သူက ဖခင်ကို ညီးတွားရင်းပြောတယ်။ "အဖေ သမီးရဲ့ဘ၀ကို သမီးအလွန်စိတ်ပျတ်နေပြီ။ ဘယ်လိုရှေ့ဆက်သွားရမယ် မသိတော့ဘူး။ ပြသနာတခုဖြေရှင်းပြီးတိုင်း နောက်တခုက ပေါ်လာပြန်တယ်။ တချိန်လုံး လှုပ်ရှား ရုန်းကန်နေရတာ သမီးအရမ်းပင်ပန်းနေပြီ"
ဖခင်ဖြစ်သူက သမီးကို မီးဖိုချောင်ထဲ ခေါ်သွားတယ်။ မီးဖိုတခုချင်းစီပေါ်မှာ ရေနွေးသုံးအိုး တည်လိုက်တယ်။ ရေစဆူလာတဲ့အခါ အာလူးတွေကို အိုးတလုံးထဲထည့်တယ်။ ကြက်ဥတွေကို ဒုတိယအိုးထဲထည့်တယ်။  ကော်ဖီစေ့တွေကို တတိယအိုးထဲထည့်လိုက်တယ်။
ပြီးတော့ စကားတခွန်းမှမပြောပဲ အနားမှာထိုင်စောင့်နေတယ်။ ဖခင်ဘာတွေများလျှောက်လုပ်နေတာလဲလို့ တွေးရင်း သမီးဖြစ်သူလည်း စိတ်မရှည်စွာ ထိုင်စောင့်နေတယ်။
မိနစ် ၂၀ လောက်အကြာမှာ ဖခင်ဖြစ်သူက မီးဖိုတွေကို ပိတ်လိုက်တယ်။ ပြီးတော့ အာလူးတွေ နဲ့ ကြက်ဥတွေကို ဆယ်ယူပြီး ပန်ကန်ထဲထည့်လိုက်တယ်။ ကော်ဖီကိုခပ်ပြီး ခွက်ထဲထည့်လိုက်တယ်။
သမီးဖက်ကိုလှည့်ပြီး မေးတယ် "သမီး ဘာတွေတွေ့လဲ"
"အာလူး ကြက်ဥ နဲ့ ကော်ဖီ" ပါအဖေ။
"သေခြာကြည့်သမီး အာလူကို တို့ကြည့်လိုက်ပါအုံး"
အာလူးကို တို့ကြည့်လိုက်တော့ အရမ်းပျော့ပျောင်းနေတာ သတိထားမိတယ်။ တဖန် ကြက်ဥကို ခွာခိုင်းပြန်တယ်။ အခွံကိုခွာလိုက်တဲအခါ အထဲမှာမာကြောနေတဲ့ ကြက်ဥပြုတ်ကို တွေ့ရတယ်။ နောက်ဆုံး ကော်ဖီကို နည်းနည်းလေး မြည်းခိုင်းတယ်။ ကော်ဖီရဲ့ သင်းရနံကြောင့် သူမလန်းဆန်းသွားတယ်။
သမီးဖြစ်သူက နာမလည်စွာနဲ့မေးတယ်။ "အဖေ ဘာကိုဆိုလိုတာလဲ"
ဖခင်က ရှင်းပြတယ်။ အာလူး၊ ကြက်ဥ နဲ့ ကော်ဖီစေ့တို့ဟာ တူညီတဲ့ အခက်အခဲဖြစ်တဲ့ ဆူနေတဲ့ရေ နဲ့ တွေ့ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ တုံ့ပြန်မူ့က မတူကြဘူး။
မူလက မာကြောနေတဲ့ အာလူးဟာ ဆူနေတဲ့ရေထဲ ရောက်သွားတော့ ပျော့ပျောင်းသွားတယ်။
ပုံမှန်အနေအထားမှာ အထိမခံတဲ့ကြက်ဥက ဆူနေတဲ့ရေနဲ့ တွေ့တဲ့အခါ မာကြောသွားတယ်။
ဒါပေမဲ့ ကောင်ဖီစေ့ရဲ့ တုံပြန်မူ့က ခြားနားနေတယ်။ ကော်ဖီစေ့က ဆူနေတဲ့ ရေနဲ့ထိတွေ့တဲ့အခါ ရေကိုပြောင်းလည်းပြီး ကောင်းမွန်တဲ့ အသစ်တခုကိုဖြစ်ပေါ်စေတယ်။
ထို့အတူပါပဲ။ ပုံမှန်အနေအထားမှာ ကြံခိုင်တယ်လို့ထင်ရတဲ့သူတွေဟာ လောကဓံ အခက်အခဲတွေနဲ့ တွေ့တဲ့အခါ စိတ်ဓတ်ကျပြီး ပျော့ညံသွားကြတယ်။ တချို့ပျော့ပျောင်းပြီး ဆက်ဆံရေးကောင်းမွန်တယ်လို့ ထင်ရတဲ့သူတွေဟာ လောကဓံနဲ့ထိတွေ့လိုက်တော့ နှလုံးသားတွေမာကြောပြီး လောကကြီးအပေါ် အဆိုးမြင်စိတ်တွေများလာတယ်။ တချို့ကြတော့လည်း ဘယ်လိုပဲ လောကဓံ အခက်အခဲတွေနဲ့ကြုံတွေ့ပါစေ အစွန်းနှစ်ဖက်ကိုရောက်မသွားပဲ ကိုယ်ကိုယ်တိုင်ကိုရော ပတ်ဝန်ကျင်ကိုရော ကောင်းမွန်တဲ့အပြောင်းအလဲတခုကို ဖန်တီးပေးတယ်။
အဲတော့ သမီးကို အဖေမေးမယ်။ "အခက်အခဲတွေက တံခါးလာခေါက်တဲ့အခါ ဘယ်လိုတုံ့ပြန်မလဲ။ အာလူးလိုလား? ကြက်ဥလိုလား? ကော်ဖီစေ့လိုလား? သမီးရဲ့ ဘ၀အခြေအနေဟာ သမီးရဲ့ တုံ့ပြန်မူ့ပေါ်မှာ မူတည်နေပါတယ်"

-စိုးအောင်


Comments

Popular posts from this blog

Privacy policy of WoW Photo Gallery

NAING SOE AUNG built the WoW Photo Gallery app as a Freemium app. This SERVICE is provided by NAING SOE AUNG at no cost and is intended for use as is. This page is used to inform visitors regarding my policies with the collection, use, and disclosure of Personal Information if anyone decided to use my Service. If you choose to use my Service, then you agree to the collection and use of information in relation to this policy. The Personal Information that I collect is used for providing and improving the Service. I will not use or share your information with anyone except as described in this Privacy Policy. The terms used in this Privacy Policy have the same meanings as in our Terms and Conditions, which is accessible at WoW Photo Gallery unless otherwise defined in this Privacy Policy. Information Collection and Use For ...

ကွန်ပြူတာ ပရိုဂရမ်းမင်း အကြောင်း တစေ့တစောင်း

ဤဆောင်းပါးသည် ကွန်ပြူတာကိုစိတ်ဝင်စားသူ လူတိုင်းအတွက်ရည်ရွယ်ပါသည်။ ကွန်ပြုတာဖြင့်အသက်မွေးကြောင်းမပြုသော်လည်း ဒစ်ဂျစ်တယ်ခေတ်တွင် လူတိုင်းနီးပါး ကွန်ပြုတာ၊ မိုဘိုင်းဖုန်းဖြင့်ရင်းနှီးနေကြပြီ ဖြစ်သည်။ အင်တာနက်ဆိုတာသုံးဖူးနေကြပြီ။ ထို့ကြောင့် အားလုံးအတွက် ဗဟုသုတရစေလို၍ ရေသားလိုက်သည်။ ကွန်ပြူတာအခြေခံမရှိသူ အားလုံးအတွက်ပါ ရည်ရွယ်သဖြင့် သဘောတရားနဲ့ အလုပ်လုပ်ပုံအကြာင်းကို ပိုအလေးထား ရှင်းပြထားပါသည်။ ပရိုဂရမ်းမင်း ဆိုတာဘာလဲ လူတယောက်၏ ခန္ဓာကိုယ် အစိတ်အပိုင်းကို လေ့လာကြည့်ပါ။ ဦးနှောက့်၊ မှတ်ညဏ်၊ နား၊ မျက်လုံး၊ ပါစပ်၊ မျက်နာ၊ ခြေ၊ လက် စသဖြင့်ရှိသည်။ ဒီလိုအစိတ်အပိုင်းတွေကို ပေါင်းစည်းကာ "လူ" ဟူ၍ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ကွန်ပြုတာဆိုသည်မှာလည်း ထိုးနည်းတူဖြစ်သည်။ အီလက်ထရောနစ်  အစိတ်အပိုင်းတွေ ပေါင်းစည်းကာ ကွန်ပြုတာ ဖြစ်ပေါ်လာသည်။ ဦးနှောက့် နှင့်တူသော CPU (Central Processing Unit)၊ မှတ်ညဏ်နှင့်တူသော မန်မိုရီ၊ နား နှင့်တူသော ဆားကစ်လမ်းကြောင်း၊ ကေဘယ်တွေ ရှိသည်။ (ဥပမာ ကီးဘုတ်မှ 'A' ကိုနှိပ်တဲ့အခါ ကီးဘုတ်ကေဘယ်လ်မှ တဆင့်ခြင်းဖြတ်ကျော်ကာ CPU သို့ရောက်သည်ဟု အလွယ်မှတ်ပါ )။ မျက်လုံးနှင့်တ...
၂၀၁၉ ၃လပိုင်းလောက်က ပရောဂျက်အဟောင်းတခုကို Commercial cloud ကို ပြောင်းရွှေ့ဖို့ လုပ်ရင်းကနေ AWS က certificate ယူဖို့ မဖြစ်မနေလိုအပ်လာခဲ့တယ်။   ဒီလိုနဲ့ AWS Certified Solutions Architect – Associate ကိုအရင်စဖြေဖြစ်တယ်။ ပြင်ဆင်ခဲ့တာတွေကို မျှဝေပေးတာပါ။ ၁။ အရင်ဆုံး ဒီ AWS ဆိုဒ်ကနေ Exam အတွက်ပြင်ဆင်ရမည် အကြောင်းအရာတွေကို လေ့လာပါတယ်။ https://aws.amazon.com/certification/certified-solutions-architect-associate/ https://aws.amazon.com/certification/certification-prep/ AWS Well-Architected ( https://d 1. awsstatic.com/whitepapers/architecture/AWS_Well-Architected_Framework.pdf ) လို white papers တွေကို သေခြာဖတ်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ ကျွန်တော်ကတော့ ခုန်ကျော်ပေါက်လွှားပဲ ဖတ်ဖြစ်လိုက်တယ်။   ဒီစာအုပ်မှာ အဓိကအကြောင်းအရာ အပိုင်း ၅ ခုပါတယ်။ Operational Excellence, Security, Reliability, Performance Efficiency, Cost Optimization အကြောင်းတွေပါ။   မေးခွန်းမှာ ဘယ်အပိုင်းက ရာခိုင်နှုန်းဘယ်လောက်ပါမလဲဆိုတာကို AWS Exam preparation guide မှာသေခြာဖော်ပြပေးထားပါတယ်။ ဒါတွ...