Skip to main content

Posts

Showing posts from January, 2019
"မီးခြစ်ဆံသည်မလေး" ဆီးနှင်းတွေတဖွဲးဖွဲးကျနေပြီး ချမ်းအေးလွန်းလှသည့် နှစ်သစ်ကူးမတိုင်ခင်ညနေခင်း၏ မှောင်ရိပ်သန်းနေသော အချိန်တွင်ဖြစ်သည်။ ဆိုးရွားလွန်းတဲ့ အအေးဒဏ်ကို အံတုရင်း ကလေးမလေးတယေက် ဦးထုပ်မပါ ခြေဗလာဖြင့် လမ်းပေါ်မှာ လျှောက်နေသည်။ အိမ်ကနေထွက်လာတုန်းက သူမ ဖိနပ်စီးထားသည်။ ဒါပေမဲ့ ကောင်းကောင်းမွန်မွန်မဟုတ်။ သူမနဲ့မတော်သည့် သူမအမေရဲ့ ကြီးမားလွန်းတဲ့ ဖိနပ်စုတ်ကြီး တစုံသာ။ လမ်းပေါ်မှာ အမြန်မောင်းလာတဲ့ ရထားလုံးနှစ်စင်းကို ကမန်းကတမ်း ရှောင်လိုက်ရင်း သူမစီးထားသော ဖိနပ်ကြီး ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ တဖက်က ဘယ်ရောက်သွားမှန်းမသိ။ တဖက်ကို လမ်းဘေးက ကလေးငယ်တယောက် ကောက်ပြီးအလစ်သုတ်သွားသည်။ မတော်တရောဖိနပ်ကြီးကို ကလေးပုခက် လုပ်ဖို့များ ယူသွားလေသလား။ ဒီလိုနဲ့ ကလေးမလေးဟာ သူမရဲ့ သေးငယ်လှတဲ့ ခြေဗလာ နဲ့ ဆက်လျှောက်လာသည်။ အေးလွန်းသောကြောင့် သူမရဲ့ ခြေဖ၀ါးနှစ်ဖက်မှာ သွေးချေဥနေသည်။ ရင်ဖုံးအဟောင်းထဲမှာ မီးခြစ်ဆံတွေကိုထည့်က သယ်ထားပြီး လက်ထဲမှာလည်း မီးခြစ်ဆံထုတ်တွေကို ကိုင်ထားသည်။ တနေ့ပတ်လုံး လိုက်ရောင်းနေသော်လည်း ၀ယ်မည်သူမရှိ။ ပိုက်ဆံတပြားတချပ်မှ မရသေး။ အအေးဒဏ်၊ ဆာလောင...