Skip to main content

Posts

Showing posts from March, 2017
"ဘယ်လိုတုံ့ပြန်မလဲ" တခါတုံးကပေါ့။ သမီးဖြစ်သူက ဖခင်ကို ညီးတွားရင်းပြောတယ်။ "အဖေ သမီးရဲ့ဘ၀ကို သမီးအလွန်စိတ်ပျတ်နေပြီ။ ဘယ်လိုရှေ့ဆက်သွားရမယ် မသိတော့ဘူး။ ပြသနာတခုဖြေရှင်းပြီးတိုင်း နောက်တခုက ပေါ်လာပြန်တယ်။ တချိန်လုံး လှုပ်ရှား ရုန်းကန်နေရတာ သမီးအရမ်းပင်ပန်းနေပြီ" ဖခင်ဖြစ်သူက သမီးကို မီးဖိုချောင်ထဲ ခေါ်သွားတယ်။ မီးဖိုတခုချင်းစီပေါ်မှာ ရေနွေးသုံးအိုး တည်လိုက်တယ်။ ရေစဆူလာတဲ့အခါ အာလူးတွေကို အိုးတလုံးထဲထည့်တယ်။ ကြက်ဥတွေကို ဒုတိယအိုးထဲထည့်တယ်။  ကော်ဖီစေ့တွေကို တတိယအိုးထဲထည့်လိုက်တယ်။ ပြီးတော့ စကားတခွန်းမှမပြောပဲ အနားမှာထိုင်စောင့်နေတယ်။ ဖခင်ဘာတွေများလျှောက်လုပ်နေတာလဲလို့ တွေးရင်း သမီးဖြစ်သူလည်း စိတ်မရှည်စွာ ထိုင်စောင့်နေတယ်။ မိနစ် ၂၀ လောက်အကြာမှာ ဖခင်ဖြစ်သူက မီးဖိုတွေကို ပိတ်လိုက်တယ်။ ပြီးတော့ အာလူးတွေ နဲ့ ကြက်ဥတွေကို ဆယ်ယူပြီး ပန်ကန်ထဲထည့်လိုက်တယ်။ ကော်ဖီကိုခပ်ပြီး ခွက်ထဲထည့်လိုက်တယ်။ သမီးဖက်ကိုလှည့်ပြီး မေးတယ် "သမီး ဘာတွေတွေ့လဲ" "အာလူး ကြက်ဥ နဲ့ ကော်ဖီ" ပါအဖေ။ "သေခြာကြည့်သမီး အာလူကို တို့ကြည့်လိုက်ပါအုံး" အာလူးကို တို့ကြည့်လိုက်တော့ အရမ်...