Skip to main content

Posts

Showing posts from June, 2020

ကွန်ပြူတာ ပရိုဂရမ်းမင်း အကြောင်း တစေ့တစောင်း

ဤဆောင်းပါးသည် ကွန်ပြူတာကိုစိတ်ဝင်စားသူ လူတိုင်းအတွက်ရည်ရွယ်ပါသည်။ ကွန်ပြုတာဖြင့်အသက်မွေးကြောင်းမပြုသော်လည်း ဒစ်ဂျစ်တယ်ခေတ်တွင် လူတိုင်းနီးပါး ကွန်ပြုတာ၊ မိုဘိုင်းဖုန်းဖြင့်ရင်းနှီးနေကြပြီ ဖြစ်သည်။ အင်တာနက်ဆိုတာသုံးဖူးနေကြပြီ။ ထို့ကြောင့် အားလုံးအတွက် ဗဟုသုတရစေလို၍ ရေသားလိုက်သည်။ ကွန်ပြူတာအခြေခံမရှိသူ အားလုံးအတွက်ပါ ရည်ရွယ်သဖြင့် သဘောတရားနဲ့ အလုပ်လုပ်ပုံအကြာင်းကို ပိုအလေးထား ရှင်းပြထားပါသည်။ ပရိုဂရမ်းမင်း ဆိုတာဘာလဲ လူတယောက်၏ ခန္ဓာကိုယ် အစိတ်အပိုင်းကို လေ့လာကြည့်ပါ။ ဦးနှောက့်၊ မှတ်ညဏ်၊ နား၊ မျက်လုံး၊ ပါစပ်၊ မျက်နာ၊ ခြေ၊ လက် စသဖြင့်ရှိသည်။ ဒီလိုအစိတ်အပိုင်းတွေကို ပေါင်းစည်းကာ "လူ" ဟူ၍ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ကွန်ပြုတာဆိုသည်မှာလည်း ထိုးနည်းတူဖြစ်သည်။ အီလက်ထရောနစ်  အစိတ်အပိုင်းတွေ ပေါင်းစည်းကာ ကွန်ပြုတာ ဖြစ်ပေါ်လာသည်။ ဦးနှောက့် နှင့်တူသော CPU (Central Processing Unit)၊ မှတ်ညဏ်နှင့်တူသော မန်မိုရီ၊ နား နှင့်တူသော ဆားကစ်လမ်းကြောင်း၊ ကေဘယ်တွေ ရှိသည်။ (ဥပမာ ကီးဘုတ်မှ 'A' ကိုနှိပ်တဲ့အခါ ကီးဘုတ်ကေဘယ်လ်မှ တဆင့်ခြင်းဖြတ်ကျော်ကာ CPU သို့ရောက်သည်ဟု အလွယ်မှတ်ပါ )။ မျက်လုံးနှင့်တ...